Fresher Welcome

The word fresher welcome points towards Fresher’s i.e. the event organised for fresher’s. This event is organised by senior students to have a good communication with the juniors and to welcome the juniors in their university. This event will have a full day event in a university. Juniors will have to perform and show their talents.

In University of Computer Studies (Meiktila), the fresher’s welcome ceremony of 2018-2019 Academic Year was held on 3rd January, 2019. The ceremony was held with the following agenda.
1. Welcome Speech by Rector, Dr. Mie Mie Khin
2. Welcome Speech by One of Senior Student
3. Thankful Speech by One of Junior Student
4. Entertainment Programs
At the end of the event seniors will give the tag of Mr.Fresher, Mrs. Fresher, King, Queen, Best Catwalk Awards, Personality Awards, The Whole King and The Whole Queen Awards to the best performer of the day.

 

Htamane festival

Htamane feastival is the either celebrated communally or done ust in the private circle of family and friends. The nature of the feast is such that, in whatever way the feast is celebrated, it means a big gathering because many hands are needed.& nbsp; In a communal feast people come around with contributions of glutinous rice and other ingredients. It is an option though; one can just give this service, if not anything else.

UCSMTLA IT CAMP 2018

IT Camp At UCSMTLA (25-8-2018)
ကွန်ပျူတာတက္ကသိုလ် (မိတ္ထီလာ) ၏ ပထမအကြိမ် IT Camp ကို သြဂုတ်လ ၂၅ ရက်တွင် နံနက် ၉နာရီမှ ညနေ ၄ နာရီအထိ ကျင်းပသွားမည်ဖြစ်သည်။ ယင်း IT Camp
တွင် ဆွေးနွေးပွဲခန်း ၅ ခန်းနှင့် ကွန်ပျူတာတက္ကသိုလ် (မိတ္ထီလာ)မှ ကျောင်းသားကျောင်းသူများ၏ လုပ်ဆောင်မှုပြခန် ၂ခန်းကိုပါ ထည့်သွင်းပြသမည်ဖြစ်သည်။
IT Camp ကျင်းပခြင်းမှာ အသိပညာဗဟုသုတများ ဖလှယ်နိုင်ခြင်း၊ IT နှင့်ဆက်စပ်၍ အလုပ်အကိုင် အခွင့်အလမ်းများ ရှာဖွေနိုင်ခြင်း၊ IT နှင့်ပတ်သတ်သော ခေတ်ပေါ်နည်းပညာများကို
လေ့လာဆွေးနွေးနိုင်ရန် ရယ်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။ ယင်း IT Camp တွင် မိတ္ထီလာမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ လေကြောင်းနှင့်အာကာသပညာတက္ကသိုလ်တို့မှ ကျောင်းသားကျောင်းသူများ
အဓိကပါဝင်မည်ဖြစ်သည်။
ယင်း အပြင် မြန်မာနိုင်ငံ ပညာရှင်အသင်း မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာပညာရှင်နှင့် ကွန်ပျူတာလုပ်ငန်းရှင်အသင်း၊ နှင့် IT ဆက်စပ်လုပ်ငန်းရှင်များက ပူးပေါင်းပါဝင်ကြမည်ဖြစ်သည်။

Unicode Version
ကွန်ပျူတာတက္ကသိုလ် (မိတ္ထီလာ) ၏ ပထမအကြိမ် IT Camp ကို သြဂုတ်လ ၂၅ ရက်တွင် နံနက် ၉နာရီမှ ညနေ ၄ နာရီအထိ ကျင်းပသွားမည်ဖြစ်သည်။ ယင်း IT Camp
တွင် ဆွေးနွေးပွဲခန်း ၅ ခန်းနှင့် ကွန်ပျူတာတက္ကသိုလ် (မိတ္ထီလာ)မှ ကျောင်းသားကျောင်းသူများ၏ လုပ်ဆောင်မှုပြခန် ၂ခန်းကိုပါ ထည့်သွင်းပြသမည်ဖြစ်သည်။
IT Camp ကျင်းပခြင်းမှာ အသိပညာဗဟုသုတများ ဖလှယ်နိုင်ခြင်း၊ IT နှင့်ဆက်စပ်၍ အလုပ်အကိုင် အခွင့်အလမ်းများ ရှာဖွေနိုင်ခြင်း၊ IT နှင့်ပတ်သတ်သော ခေတ်ပေါ်နည်းပညာများကို
လေ့လာဆွေးနွေးနိုင်ရန် ရယ်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။ ယင်း IT Camp တွင် မိတ္ထီလာမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ လေကြောင်းနှင့်အာကာသပညာတက္ကသိုလ်တို့မှ ကျောင်းသားကျောင်းသူများ
အဓိကပါဝင်မည်ဖြစ်သည်။
ယင်း အပြင် မြန်မာနိုင်ငံ ပညာရှင်အသင်း မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာပညာရှင်နှင့် ကွန်ပျူတာလုပ်ငန်းရှင်အသင်း၊ နှင့် IT ဆက်စပ်လုပ်ငန်းရှင်များက ပူးပေါင်းပါဝင်ကြမည်ဖြစ်သည်။

ဟောပြောမည့် ပညာရှင်များ

U Nyein Oo

essay schreiben englisch

ဆရာဦးငြိမ်းဦးသည်
– အဖဦးမောင်မောင်(ဆက်သွယ်ရေးအင်ဂျင်နီယာ)နှင့် မိခင်ဒေါ်စုစုမြင့်တို့မှရှမ်ပြည်နယ်၊တောင်ကြီးမြို့တွင် မွေးဖွားခဲ့ပြီးညီအကိုမောင်နှမ(၇)ဦးတွင်ဆဌမမြောက် ဖြစ်ပါသည်။

– မန္တလေးတက္ကသိုလ်မှသချာင်္အဓိကဖြင့်ပထမဘွဲ့ရရှိခဲ့ပြီးရန်ကုန်မြို့သို့ပြောင်းရွှေ့ကာရန်ကုန်ကွန်ပျူတာ တက္ကသိုလ်နှင့်ပြည်တွင်းပြည်ပအဖွဲ့အစည်းများတွင်အဆင့်မြင်အိုင်တီပညာရပ်များ
လေ့လာသင်ယူခဲ့ပြီး နိုင်ငံတကာအိုင်တီအဖွဲ့အစည်းကြီးများဖြစ်သော Microsoft, Oracle, Aptech Corporationနှင့် Huawei စသော အဖွဲ့အစည်းများမှ(Professional IT Certification)
ကျွမ်းကျင်အိုင်တီလက်မှတ်များ ရရှိခဲ့ပါသည်။

ထို့အပြင် နိုင်ငံတကာအရည်အသွေးစံချိန်စံညွန်းစီမံခန့်ခွဲမှုဆိုင်ရာ ISO 9001:2008 QMS နှင့် နိုင်ငံတကာ သတင်းအချက်အလက်လုံခြုံမှုဆိုင်ရာစံချိန်စံညွန်း ISO 27001: ISMS တို့အပြင်
Project Management Institite(PMI) တို့မှလည်းအသိအမှတ်ပြုလက်မှတ်များရရှိထားပါသည်။

– ပုဂ္ဂလိကအိုင်တီအဖွဲ့အစည်းကြီးတစ်ခုဖြစ်သောမြန်မာ့ကွန်ပျူတာကုမ္ပဏီလီမိတက်(MCC) တွင်အငယ်တန်း နည်းပြအဆင့်မှစတင်အလုပ်ဝင်ရောက်ခဲ့ပြီးယခုအခါ

MCC ပညာရေးဝန်ဆောင်မှုဌာနကြီး၏အမှုဆောင် အရာရှိချူပ် တာဝန်ဖြင့်စီမံခန့်ခွဲရေးကိစ္စများဆောင်ရွက် ခြင်း၊စာသင်ကြားခြ င်း၊မြန်မာနိုင်ငံတဝှမ်းဖွင့်လှစ် ထားသော MCC သင်တန်း
ကျောင်းများအားကြီးကြပ်ဆောင်ရွက်ခြင်းတို့ကိုဆောင်ရွက်လျှက်ရှိပါသည်။

နည်းပြအဖြစ်တာဝန်ထမ်းဆောင်စဉ် Programmingနှင့် Database ဘာသာရပ်များအားအထူးပြုလေ့လာသင်ကြားခဲ့ပြီး ဌာနဆိုင်ရာ Project Development များတွင်ပါဝင်ဆောင်ရွက်ခဲ့သည်။

– (၁၉၉၉)ခုနှစ်တွင်မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းသို့အလုပ်အမှုဆောင်အဖြစ်စတင်ဝင်ရောက်ခဲ့ပြီး ယခုအခါမြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းတွင်ဒုတိယဥက္ကဌတာဝန်ယူထမ်းဆောင်လျှက်ရှိပြီးMCPA မှတာဝန်ယူဆောင်ရွက်လျှက်ရှိတာဝန်များ၊အလုပ်ရုံဆွေးနွေးပွဲများ၊သင်တန်းများ၊အခြားအခမ်းအနားများ၊ ဌာနဆိုင်ရာအစည်းအဝေးများနှင့်တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိအသင်းများဆိုင်ရာကိစ္စရပ်များအား ဆောင်ရွက်လျှက်ရှိပါသည်။

– (၁၉၉၉)ခုနှစ်တွင်မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ကွန်ပျူတာတက္ကသိုလ်များမှမိတ်ဆွေဆရာဆရာမမျာနှင့်အတူ ဂျပန်နိုင်ငံမှခေါ်ယူသော CICC ပညာသင်ဆု စာမေးပွဲဝင်ရောက်ဖြေဆိုပြီး

ပထမဦးဆုံးအကြိမ်အဖြစ် ပညာတော်သင်သွားရောက်ခဲ့ပြီးယခုအခါမိခင်လုပ်ငန်းတာဝန်များဖြင့်သော်လည်းကွန်ပျူတာအသင်းအဖွဲ့ တာဝန်များဖြင့်သော်လည်းအိမ်နီးချင်းနိုင်ငံများနှင့်အခြားနိုင်ငံများသို့အလုပ်ရုံဆွေးနွေးပွဲများ၊ညီလာခံများရက်တိုသင်တန်းများ၊အထူးဖိတ်ကြားသောခရီးစဉ်များ၊လေ့လာရေးခရီးများသွားရောက်လျှက်ရှိပါသည်။

(၂၀၀၂) နှစ်တွင် ဂျပန်နိုင်ငံ AOTS အစီအစဉ်ဖြင့် အိုဆာကာမြို့ရှိ Segeru Software Engineering Co., Ltd တွင် အလုပ်သင် Programmer အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး

Java Programming နှင့် XML အသုံးပြုကာ Commercial Web Applicationတစ်ခုလုပ်ဖေါ်ကိုင်ဖက်များနှင့်အတူရေးသားဖန်တီးခဲ့ပါသည်။

– (၂၀၀၄)ခုနှစ်တွင်ရန်ကုန်စီးပွားရေးတက္ကသိုလ်စီမံခန့်ခွဲမှုပညာဌာနတွင်အရာရှိအဆင့်စီးပွားရေးစီမံခန့်ခွဲမှုမဟာဘွဲ့သင်တန်း(Executive Master of Business Administration- EMBA)

သို့တက်ရောက်ခဲ့ပြီး (၂၀၀၇) ခုနှစ် တွင်အဆိုပါ EMBA ဘွဲ့ရရှိကာ MBA Society တွင်တပ်အားသရွေ့ပါဝင်ဆောင်ရွက်လျှက်ရှိပါသည်။

– (၂၀၀၄)ခုနစ်တွင်မြန်မာနိုင်ငံကွန်ပျူတာအသင်းချူပ် (MCF) တွင်အလုပ်အမှုဆောင်အဖွဲ့ဝင် အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီးယနေ့အထိ မြန်မာနိုင်ငံကွန်ပျူတာအသင်းချူပ်အဖွဲ့ဝင်အနေဖြင့်ဌာနဆိုင်ရာအဖွဲ့အစည်ါ်ကော်မတီများတွင်ကော်မတီဝင်အဖြစ်တာဝန်ထမ်းဆောင်ခြင်း၊ပြည်တွင်းပြည်ပအိုင်တီအစည်းအဝေးကြီးများတက်ရေက်ခြင်ါ်၊အကြံဉာဏ်ပေးခြင်းကိစ္စများဆောင်ရွက်လျှက်ရှိပါသည်။

– လက်ရှိအချိန်ထိနို်င်ငံတကာအသိအမှတ်ပြုဘွဲ့သင်တန်းများ၊မဟာဘွဲ့သင်တန်းများတွင် အိုင်တီနှင့် စီမံခန့်ခွဲမှုဆိုင်ရာဘာသာရပ်များသင်ကြားလျှက်ရှိပြီး Knowledge Sharing အနေဖြင့်

ကွန်ပျူတာတက္ကသိုလ် များ၊နည်းပညာတက္ကသိုလ်များနှင့်အခြားတက္ကသိုလ်များတွင်ကျောင်းသားကျောင်းသူများအတွက်ဘဝတက်လမ်းဆိုင်ရာပြင်ဆင်မှုများဆွေးနွေးခြင်း၊နည်းပညာဆိုင်ရာများဆွေးနွေးခြင်း၊အခြေခံပညာကျောင်းများ တွင်အိုင်တီဆိုင်ရာဗဟုသုတများဟောပြောခြင်း၊ဌာနဆိုင်ရာများတွင်အိုင်တီစီမံခန့်ခွဲမှုဆိုင်ရာဘာသာရပ်များသင်ကြားပို့ချခြင်းနှင့်အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ပေးခြင်းစသည်တို့ကိုဆောင်ရွက်လျှက်ရှိပါသည်။

– ရန်ကုန်မြို့၊သင်္ယန်းကျွန်းမြို့နယ်တွင်ဇနီးဖြစ်သူဒေါ်အေးသီတာဝင်း(Center Director)Optimum Education Center နှင့်အတူအေးချမ်းစွာနေထိုင်လျှက်ရှိပါသည်။

ဆရာဦးငြိမ်းဦးက UCSMTLA IT CAMP မှာ ဘယ်လိုအကြောင်းအရာတွေ Sharing လုပ်ပေးမလဲဆိုတာကို သိချင်ရင်တော့ UCSMTLA IT CAMP 2018 ကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ် ။


U Ei Maung

ဆရာအိမောင်သည် Fairway Technology ၏ ပူးတွဲတည်ထောင်သူ
ဖြစ်ပြီး Fairway Technology မှ ပို့ချလျှက်ရှိသော
နည်းပညာသင်တန်းကျောင်း၏ ကျောင်းအုပ်ဖြစ်သည်။ Professional Web Developer
အပါအဝင် နည်းပညာစာအုပ်များကို ရေးသားပြုစုထားသူဖြစ်သည်။ နည်းပညာလုပ်သက်
(၁၀) နှစ်ကျော်ရှိပြီး Web နည်းပညာများကို အထူးပြုကျွမ်းကျင်သူ Web
Developer တစ်ဦးလည်းဖြစ်သည်။

ဆရာအိမောင်က UCSMTLA IT CAMP မှာ ဘယ်လိုအကြောင်းအရာတွေ Sharing လုပ်ပေးမလဲဆိုတာကို သိချင်ရင်တော့ UCSMTLA IT CAMP 2018 ကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ် ။

 


U Nyi Lin Seck

ဆရာ Nyi Lynn Seck သည်​ မြန်​မာနိုင်​ငံရဲ့ ပထမ ဦးဆုံး 3XVIVR ကုမ္ပဏီရဲ့ Founder & Managing Director တစ်​ဦးဖြစ်​ပါတယ်​။3XVIVR ကုမ္ပဏီ သည်​Virtual Reality, Augmented Reality စတဲ့ ဖန်​တီးမှု​တွေကို အထူးပြု ဝန်​​ဆောင်​​မှုပေး​နေတဲ့ မြန်​မာနိုင်​ငံရဲ့ ပထမဆုံး စွန့်ဦး တီထွင်​မှု​ ကုမ္ပဏီ တစ်​ခုဖြစ်​သလို အ​ရှေ့​တောင်​အာရှ နိုင်​ငံများမှာ​တောင်​ ဒီလိုလုပ်​ငန်းနှင့် ပတ်​သက်​ပြီး ဝန်​​ဆောင်​မှု​ပေး​နေတဲ့ ကုမ္ပဏီ အနည်းငယ်​ ထဲကမှ တစ်​ခုပင်​ဖြစ်​ပါတယ်​။
ဆရာသည်​ Creative media တွင်​ 10နှစ်​​ကျော်​လုပ်​ခဲ့ပါတယ်​။5 Networks TV ထုတ်​လုပ်​မှု၏ Executive & Director လည်းဖြစ်​ပါတယ်​။ဆရာကြီးသည်​ Myanmar Computer Professionals Association (MCPA)၏ Public Relation ဥက္ကဌ လည်းဖြစ်​ပါတယ်​ ။
ဆရာကြီးသည်​ 2003 ခုနှစ်​တွင်​ ကွန်​ပျူတာ တက္ကသိုလ်​ ရန်​ကုန်​ မှ (B.C.Sc)ဘွဲ့ရရှိခဲ့ပြီး လူငယ်​ဖွံ့ ဖြိုး​ရေး နှင့် လူမှုဆက်​သွယ်​​ရေး လုပ်​ရှားမှုတို့တွင်​ ပါဝင်​လုပ်​​ဆောင်​ခဲ့ပါတယ်​။

ဆရာကြီး Nyi Lynn Seck သည်​ 2006 ခုနှစ်​တွင်​ Lasallie-SIA College of Art (Singapore) တွင်​ Video Art ​ကို Commercials and media ​စသည့် အပိုင်းတွင်​ ကျွမ်းကျင်​စွာ တတ်​​မြောက်​ခဲ့ပါတယ်​။ဆရာသည်​ Technology နှင့် တီထွင်​မှု တွင်​ ထိပ်​တန်​း​ရောက်​ရှိ​နေသူလည်း ဖြစ်​ပါသည်​။ဆရာကြီးသည်​ Blogosphere and Barcamp Myanmar, National Machine Translation Project, စသည်​တို့ကို ဦး​ဆောင်​သူ လည်းဖြစ်​ပါတယ်​။

ဆရာကြီးသည်​ Institute of Marine Technology(Mercantile Marine) ကို 1999 ခုနှစ်​တွင်​ တတ်​​မြောက်​ခဲ့ပါတယ်​။2000 ခုနှစ်​တွင်​ P&O Nedlloyd Lineတွင်​ Nautical Cadet လည်းဖြစ်​ပါတယ်​။ဆရာကြီးသည်​ 2006 ခုနှစ်​တွင်​ Zaygyi Group member ဖြစ်​ပြီး 2007ခုနှစ်​တွင်​ Myanmar Blogger Society ကို စတင်​တည်​ခဲ့ပါတယ်​။Inforithm-Maze ကုမ္ပဏီ ၏ Online Division Manager လည်းဖြစ်​ပါတယ်​။
ဆရာသည်​ MCPA ၏စီမံခန့်ခွဲ​ရေး committeeဝင်​ လည်း​ဖြစ်​ပါတယ်​။Social Entrepreneurship and Mass Communication ,Myanmar Egress တွင်​ နည်းပြတစ်​ဦး ဖြစ်​ပါတယ်​။
ဆရာကြီးသည်​ Handy Myanmar Youths Volunteer Group ကို တည်​​ထောင်​ခဲ့သူလည်းဖြစ်​ပါတယ်​။2009ခုနှစ်​တွင်​ Yatanarpon National Web Portal ၏ အတိုင်​ပင်​ခံ ပုဂ္ဂိုလ်​ ဖြစ်​ပြီး 2010ခုနှစ်​တွင်​ Project Development manager အဖြစ်​လုပ်​ဆောင်​​ခဲ့ပါတယ်​။ရန်​ကုန်​ Barcamp တွင်​ EC &MC အဖြစ်​လည်းလုပ်​ဆောင်​ခဲ့ပါတယ်​။
2011 ခုနှစ်​တွင်​ Myanmar ICT Development Organization ၏ Co-Founder လည်​းဖြစ်​ပါတယ်​။
ဆရာကြီးသည်​ 2012 ခုနှစ်​တွင်​ Clean Text Co.,Ltd ၏ Managing Director , e-Yangon Project ၏ Executive member အ​နေဖြင့်လည်း လုပ်​​ဆောင်​ခဲ့ပါတယ်​။

ဆရာကြီး Nyi Lynn Seck ၏ International Participation များမှာ ​အောက်​ပါအတိုင်းပြစ်​ပါသည်​။
⚫Trainee : Internet Security Workshop by freedom House (2007,Hongkong)
⚫Trainee : Sahana Disaster Management System Training (July 2008,Bangkok)
⚫Delegate : 2nd Barcamp Phnom Penh(3-4 October, 2009,London)
⚫Speaker : Burmese Media Conference, Cheng Mai,Thailand (Feb 2010)
⚫Delegate : JENESYS Programme of Youth Exchange, JICA and Japan Government (12-22 july,2010,Japan)
⚫Participant :Reflecting Conflicts through Cultural Initiatives ,Symposium organized by Gothe Institute and Japan Foundation (Feb 2011,Bangkok)
⚫Participant : Workshop on ICT for poverty Reduction (Feb 2012,Naypyiyaw)
⚫Trainee : Policy & Advocacy Workshop by NIR (Swedin)(Nov 6-9,2012 Yangon)
⚫Executive Member : e-Yangon Project Development by Japan Corporation (Dec 2012,Yangon)
⚫Speaker : Irrawaddy Literature Festival by British Council (Feb 2013 Yangon)
⚫Speaker : Myanmar In View conference by CASBAA (Singapore) (Feb 27-28,2013)
⚫Speaker : 4M International Forum by Canal France International (CFI),(9-14 june ,2013,Montpellier,France)
⚫Group Organizer : (Digital Participation Workshop) ,Global Media Forum 2014 by Deutsche Welle ,(28-29 june,2014,Bonn,Germany )
⚫Partocipant : Journalist and Social Media workshop by 4M(CFI),(23-24 September ,2014,Jakarta) တို့ဖြစ်​ပါတယ်​။

ဆရာကြီး Nyi Lynn Seck က UCSMTLA IT CAMP မှာ ITနဲ့ ပတ်​သက်​တဲ့ ဘယ်လိုအကြောင်းအရာတွေ Knowledge Sharing လုပ်ပေးမလဲဆိုတာကို သိချင်ရင်တော့ UCSMTLA IT CAMP 2018 ကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ် ။

ပွဲနေ့ကြရင် register လုပ်ပြီး Lucky draw ကို ကံစမ်းနိုင်တာမို့ 25.8.2018 ရက်နေ့မှာ ကျင်းပမည့် UCSMTLA IT CAMP 2018 ကို အရောက်လာခဲ့ဖို့ ဖိတ်ခေါ်အပ်ပါတယ်နော်။


U Bo Bo Zaw

ဆရာဦးဘိုဘို​ဇော်​သည်​ 2003ခုနှစ်​တွင်​ University of Computer Studies, Mandalay မှ B.C.Sc ဘွဲ့ရရှိခဲ့ပါတယ်​။
2004 မှ 2009 ခုနှစ်​ထိ Alpa Info Tech Co.,Ltd တွင်​ Network Technician အဖြစ်​​လုပ်​​ဆောင်​ခဲ့ပါတယ်​ ။

2010 ခုနှစ်​ တွင်​ AHEAD COMPUTER တွင်​ Networking Infrastructure ပိုင်​းဖြစ်​တဲ့ WiFi System, MATV System, PABX System, Routing and Loadbalancing Firewall System တို့တွင် လုပ်​​ဆောင်​ခဲ့ပါတယ်​။

2014 ခုနှစ်​တွင်​ CCTV System ပိုင်​းတွင်​ လုပ်​​ဆောင်​ခဲ့ပါတယ်​။

2017 ခုနှစ်​တွင်​ AHEAD MANDALAY Co.,Ltd ကိုတည်​​ထောင်​ခဲ့ပြီး networking system ပိုင်​းတွင်​ ဆက်​လက်​ ဝန်​​ဆောင်​မှု​ပေးခဲ့ပြီး GPS Tracking System ကို serve လုပ်​ခဲ့ပါတယ်​ ။

ဆရာသည်​ 2010-2017ခုနှစ်​တွင်​ Computer Administrator အဖြစ်​ AF Consult Switzerland AG(counterpart)တွင်​ လုပ်​​ဆောင်​ခဲ့ပါတယ်​ ။

ယခုလက်​ရှိတွင်​ AHEAD MANDALAY Co.,Ltd တွင်​ servicing များကို စစ်​​ဆေးကြည်​့ရှုခြင်​းနှင်​့ Network Problems ​ဖြေရှင်းမှုပိုင်းတွင်​ လုပ်​​ဆောင်​လျက်​ရှိပါတယ်​ ။

ဆရာဦးဘိုဘို​ဇော်​က UCSMTLA IT CAMP မှာ ဘယ်လိုအကြောင်းအရာတွေ Knowledge Sharing လုပ်ပေးမလဲဆိုတာကို သိချင်ရင်တော့ UCSMTLA IT CAMP 2018 ကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ် ။

ပွဲနေ့ကြရင် register လုပ်ပြီး Lucky draw ကို ကံစမ်းနိုင်တာမို့ 25.8.2018 ရက်နေ့မှာ ကျင်းပမည်​့ UCSMTLA IT CAMP 2018 ကို အရောက်လာခဲ့ဖို့ ဖိတ်ခေါ်အပ်ပါတယ်နော်။


Dr. Mi Mi Nge

ဆရာမ​ဒေါက်တာမိမိငယ်​သည်​ IT နယ်​ပယ်​တွင်​ ၁၈နှစ်​ကျော်​ ​အ​တွေ့ကြုံရှိပြီး Realistic Infotech Group Co., Ltd မှာ Managing Director အဖြစ်​ လက်​ရှိ​ဆောင်​ရွက်​လျက်​ရှိပါသည်​။

2004 ခုနှစ်​မှ University of Computer Studies ,Yangon (UCSY) မှ ပါရဂူဘွဲ့ကိုရရှိခဲ့ပါတယ်​ ။ 1999 ခုနှစ်​မှ 2011 အထိ UCSY တွင်​ တာဝန်​ထမ်း​ဆောင်​ခဲ့ပါတယ်​။Realistic Infotech Group , IT training & Service မှာ ကိုယ်​တိုင်​သင်​ကြားပို့ချလျက်​ရှိပြီး Government Consultant အဖြစ်​လည်း ​ဆောင်​ရွက်​ခဲ့ဖူးပါတယ်​။

နည်းပညာဆိုင်​ရာ Activities များအ​နေဖြင့် ရန်​ကုန်​ ကွန်​ပျူတာ နှင့် နည်းပညာ တက္ကသိုလ်​များတွင်​ Project based Trainings & Workshop ၊ Capacity Building Development Program ​တွေကို ဖြန့်​ဝေ​ပေးလျက်​ရှိပါတယ်​ ။

ဆရာမသည်​ Project Management, Consulting, e-Government Projects, National Platform, Software Development, Information Architecture, Artificial Intelligence, Big data Analysis အစရှိတဲ့ field ​တွေမှာ စိတ်​ပါဝင်​စားသူလည်​းဖြစ်​ပါတယ်​။

ဆရာမ ​ဒေါက်တာမိမိငယ်​က UCSMTLA IT CAMP မှာ ITနဲ့ ပတ်​သက်​တဲ့ ဘယ်လိုအကြောင်းအရာတွေ Knowledge Sharing လုပ်ပေးမလဲဆိုတာကို သိချင်ရင်တော့ UCSMTLA IT CAMP 2018 ကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ် ။


Daw Myat Thandar Tin

ဆရာမ​ ဒေါ်မြတ်​သန္တာတင်​သည်​ 2013 ခုနှစ်​တွင်​ Tourism and Management Diploma ဘွဲ့ကို University of Mandalayမှ​ရရှိခဲ့ပါသည်​။
2010 ခုနှစ်​တွင်​ System Analysis Diploma ဘွဲ့ကို National University of Singapore မှရရှိခဲ့ပါသည်​။

2006 ခုနှစ်​တွင်​ M.Sc (Information Management) ,Asian Institute of Technology တွင်​ Thailand French Goverment Scholarship Award ကို ရရှိခဲ့ပါသည်​။

2003 ခုနှစ်​တွင်​ University of Computer Studies, Mandalay မှ B.C.Sc ဘွဲ့ကိုရရှိခဲ့ပါသည်​။

2003 ခုနှစ်​တွင်​ Bachelor of Art (Business Management) ဘွဲ့ကို University of Distance Education, Mandalay မှရရှိခဲ့ပါသည်​။

1999 ခုနှစ်​တွင်​ Business Administration Diploma(University of Cambridge) ဘွဲ့ကို ရရှိခဲ့ပါသည်​။

ဆရာမသည်​ Think Blue Data တွင်​ Marketing Manager တစ်​ဦးဖြစ်​ပါတယ်​။
Pinyapiwat Institute of Management ,Bangkok ,Thailand တွင်​ Marketing Consultant တစ်​ဦးလည်​းဖြစ်​ပါတယ််​။
SIU Intetnational ၏ Myanmar Agent အဖြစ်တာဝန်ယူထားပါတယ် ။

2006-2008 ခုနှစ်​တွင်​ ဆရာမသည်​ Mahidol University International College, Thailand တွင်​ Lecturer နှင်​့ Analyst Officer အ​နေဖြင့် လုပ်​​ဆောင်​ခဲ့ပါသည်​။
2005-2006 တွင်​ Knowledge Hub Project, United Nation Environment Program, RRCAP တွင်​ Junior Officer လည်​းလုပ်​​ဆောင်​ခဲ့ပါသည်​။

ဆရာမမြတ်​သန္တာတင်​ သည်​ Course Coordinator ,Higher Education Center နှင့် iNet IT School of IT Engineering တွင်​ Part time lecturer အ​နေနှင့်လည်း သင်​ကြားပို့ချ​ပေး​နေသူဖြစ်​ပါသည်​။

L5 DC for edExcel Computer Students များကို

⚫ Introduction to Systems Analysis And Design
⚫System Analysis, Design and implementation
⚫ Agile Development စသည်​ဖြင့် သင်​ကြားပို့ချ​ပေးလျက်​ရှိပါသည်​ ။

ဆရာမ Daw Myat Thander Tin သည်​ e-learning ,Management Information Systems, Knowledge Management, Decision Support System ,System Analysis and Design အစရှိ​သော သင်​ကြားပို့ချမှုကို စိတ်​ဝင်​စားသူတစ်​ဦးလည်း ဖြစ်​တယ်​။
လက်​ရှိတွင်​ ဆရာမသည်​ Thit Sar Yar Zar Hospital ၏ Owner နှင့် Managing Director လည်​းဖြစ်​ပါတယ်​။

ဆရာမ​ဒေါ်မြတ်​သန္တာတင်​ကUCSMTLA IT CAMP မှာ ဘယ်လိုအကြောင်းအရာတွေ Sharing လုပ်ပေးမလဲဆိုတာကို သိချင်ရင်တော့ UCSMTLA IT CAMP 2018 ကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ် ။
ပွဲနေ့ကြရင် register လုပ်ပြီး Lucky draw ကို ကံစမ်းနိုင်တာမို့ 25.8.2018 ရက်နေ့မှာ ကျင်းပမည့် UCSMTLA IT CAMP 2018 ကို အရောက်လာခဲ့ဖို့ ဖိတ်ခေါ်အပ်ပါတယ်နော်။


U Ye Yint Aung

ဆရာရဲရင့်​အောင်​ သည်​ Marter Solutions Group Co.,Ltd ၏ Founder နှင့် President ဖြစ်​ပါတယ်​။

ဆရာသည်​ 2007 ခုနှစ်​တွင်​ University of Computer Studies, Mandalay မှ B.C.Sc ဘွဲ့ကိုရရှိခဲ့ပါတယ်​ ။

2007-2009 ခုနှစ်​ အထိ eVolva Intelligent Solution ( Software Development Industry ) တွင်​ Senior Software Developer ရာထူးဖြင့် လုပ်​​ဆောင်​ခဲ့ပါတယ်​။

2009-2013 နှစ်​လည်​ပိုင်း အထိ Singapore နိုင်​ငံ၏ Forest Concept Co.,Ltd တွင်​ Software Project Leader အဖြစ်​လုပ်​​ဆောင်​ခဲ့ပြီး 2013 ( September )တွင်​ Marter Solutions Group Co.,Ltd ကိုစတင်​တည်​​ထောင်​လျက်​ Business Application Development Service နှင့် နိုင်​ငံတကာသို့ Software Development Outsourcing လုပ်​ငန်းများတွင်​ လုပ်​ကိုင်​လျက်​ရှိပါတယ်​။

ဆရာU Ye Yint Aung က UCSMTLA IT CAMP မှာ ဘယ်လိုအကြောင်းအရာတွေ Knowledge Sharing လုပ်ပေးမလဲဆိုတာကို သိချင်ရင်တော့ UCSMTLA IT CAMP 2018 ကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ် ။


Daw Zin Mar Htun

ဆရာမ Daw Zin Mar Htun သည် 2014ခုနှစ်တွင် Computer University (Mandalay)မှ B.C.Sc ဘွဲ့ကို ရရှိခဲ့ပါတယ်။

2016ခုနှစ်တွင် KMD Institute မှ Diploma in Web Developmentဘွဲ့ကို ရရှိခဲ့ပါသည်။

2017မှ ယခုထိ University of Foreign Languages(Mandalay)တွင် Post Graduate Diploma in English ဘွဲ့အတွက် ပညာဆည်းပူးလျက်ရှိပါတယ်။

ဆရာမသည် 2013ခုနှစ်မှ 2016ခုနှစ်ထိ Mandalay 72 သင်တန်းကျောင်းနှင့် MCC (Mandalay-2)သင်တန်းကျောင်းတို့တွင် Programming ဘာသာရပ်များကို သင်ကြားပို့ချခဲ့သူတစ်ယောက်ဖြစ်ပြီး
2014မှ 2015ခုနှစ်ထိ Trion Technologies Co.,Ltdတွင် Programmerအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

ဆရာမသည် မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်း၏ Education ကဏ္ဍတွင် အလုပ်အမှုဆောင်(EC)အဖြစ် တာဝန်ထမ်းဆောင်နေသူတစ်ဦးလည်းဖြစ်ပါတယ်။

ဆရာမဇင်မာထွန်းသည် 2016 တွင် “IT Queen”သင်တန်းကျောင်းကို စတင်တည်ထောင်ခဲ့ပြီး “IT Queen” သင်တန်းတွင် Programming ဘာသာရပ်များနှင့်အခြားဘာသာရပ်များစွာကို ကောင်းမွန်စုံလင်စွာသင်ကြားနိုင်ရန် တာဝန်ယူလုပ်ကိုင်နေသူသောလူငယ်လုပ်ငန်းရှင်အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။

ဆရာမ​ဒေါ်ဇင်​မာထွန်း က UCSMTLA IT CAMP မှာ ITနဲ့ ပတ်​သက်​တဲ့ ဘယ်လိုအကြောင်းအရာတွေ Knowledge Sharing လုပ်ပေးမလဲဆိုတာကို သိချင်ရင်တော့ UCSMTLA IT CAMP 2018 ကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ် ။


U Htay Lin

ဆရာဦးဌေးလင်းသည် ပညာအရည်အချင်းမှာ B.C.Sc, M.C.Sc(Ph.D-Q), D.IT(UK), Dip in Business Management, Dip in Human Resources Management ဖြစ်ပါသည်။ ၂၀၀၄ ခုနှစ်မှစတင်၍ ICT လောက သို့ဝင်ရောက်ခဲ့ပါသည်။ အစိုးရဝန်ထမ်းသင်တန်းကျောင်းများ၏ ICT နည်းပြအဖြစ်လည်းကောင်း၊ ဝန်ကြီးဌာနများတွင် အရည်အသွေးမြှင့်သင်တန်းဆရာအဖြစ်နှင့် Public HR အဖြစ်လည်းကောင်း၊ ဌာနဆိုင်ရာများတွင် E-Government နှင့် IT နည်းပညာအကြံပေး အဖြစ်လည်းကောင်း၊ Telecom လုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများတွင် E-Commerce, Computer Scientist, System Architect အကြံပေး အဖြစ်တာဝန်ယူဆောင်ရွက်လျှက်ရှိပါသည်။ Myanmar Symmetric Innovation Co., Ltd ၏ Managing Director အဖြစ်လည်းကောင်း၊ Mingalar Net Myanmar Co., Ltd ၏ Director အဖြစ်လည်းကောင်း၊ Alpha Innovation Group Co., Ltd ၏ CTO and Technical Director အဖြစ်လည်းကောင်း၊ Sym Naypyidaw IT Source ၏ တာဝန်ခံအဖြစ်လည်းကောင်း၊ Apollo Music and Digital Content Production ၏ Founder and CEO အဖြစ်လည်းကောင်း တာဝန်ယူဆောင်ရွက်လျှက်ရှိပါသည်။

နည်းပညာတက္ကသိုလ်များ၏ IT ဘာသာရပ် သင်ရိုးရေးဆွဲရေးအဖွဲ့တွင်လည်း Industry Panel အဖြစ်ဆောင်ရွက်ခဲ့ပါသည်။
အထူးသဖြင့် Applied mathematics, SOA, IoT, E-Commerce, E-Government, Cryptography and Security, Traditional Digital Content and Digital Service Development ကဏ္ဍ များ၊ IT လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးနှင့် လူငယ်များအတွက် IT အလုပ်အကိုင်အခွင့်အလမ်း ကဏ္ဍ များ၊ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် ကိစ္စရပ်များတွင် တွင် အထူး စိတ်ပါဝင်စားစွာဖြင့် တက်တက်ကြွကြွပါဝင်လှုပ်ရှားလျှက်ရှိပါသည်။ ၂၀၁၈ ခုနှစ် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်နေ့အတွက် IP Day Theme Song ကိုလည်းရေးသားခဲ့ပါသည်။ ၂၀၁၈ ခုနှစ် လူငယ်ဘက်စုံဖွံ့ ဖြိုးရေးပွဲတော် (မန္တလေး) တွင် IT လှုပ်ရှားမှုဆိုင်ရာဆပ်ကော်မတီနှင့်ပူးပေါင်းပြီး Power Test and Cyber Security Quiz System များကိုလည်းပြုလုပ်ခဲ့ပါသည်။

နှစ်စဉ် ကွန်ပျူတာ တက္ကသိုလ် နှင့် နည်းပညာတက္ကသိုလ်များမှ ကျောင်းသား/သူ (၃၀) ခန့်ကို အလုပ်သင်အဖြစ်ခေါ်ယူ ပြုစုပျိုးထောင်ပေးလျှက်ရှိပြီး သင့်တော်သော အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း (အကျိုးအမြတ်ဖြင့် မဟုတ်ပဲ) ရှာဖွေပေးလျှက်ရှိပါသည်။ ကွန်ပျူတာတက္ကသိုလ်များတွင်လည်း အခါအားလျှော်စွာ ကျောင်းသား/သူများ ကျောင်းများတွင် သင်ကြားရသော ဘာသာရပ်များနှင့် ပြင်ပ လုပ်ငန်းခွင် တွင်လက်တွေ့အသုံးချမှုများတို့၏ ဆက်စပ်မှု ဆိုင်ရာများကို သိမြင်နားလည်ပြီး သင်ယူလိုစိတ်များဖြစ်ပေါ်စေသည့် Motivation for learning ဆွေးနွေးပွဲများကိုလည်း သွားရောက် ပြုလုပ် ဆွေးနွေးပေးလျှက်ရှိပါသည်။
အထူးသဖြင့် Software System Development ပိုင်းတွင် Framework, Language, Platform, Operation System အစွဲထားခြင်းမရှိပဲ Business Logic, Concept, Algorithm, Computer Science Background Theory, Operational Infrastructure, Utilization, Commercialization တို့ကိုသာ အဓိကဦးတည်သော Full Stack Developer Society ကိုစတင် မျိုးစေ့ချဦးဆောင်နေပြီး ICT နှင့် နည်းပညာ အစစ်အမှန် ခုံမင်သော လူငယ်အသိုင်းအဝိုင်းနှင့် ပွင့်လင်းပျော်ရွှင်စွာပညာမျှဝေ ဆွေးနွေးပေးလျှက်ရှိကာ နည်းပညာဆိုင်ရာစာပေများကိုလည်းပြုစုရေးသားလျှက်ရှိသော Technopreneur တစ်ဦးဖြစ်ပါသည်။

ဆရာဦးဌေးလင်းက UCSMTLA IT CAMP မှာ ITနဲ့ ပတ်​သက်​တဲ့ ဘယ်လိုအကြောင်းအရာတွေ Knowledge Sharing လုပ်ပေးမလဲဆိုတာကို သိချင်ရင်တော့ UCSMTLA IT CAMP 2018 ကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။


U Phyo Kyaw

ဆရာကိုဖြိုးကျော်သည်​ B.C.Sc(Hons) ပြည် ကွန်ပျူတာတက္ကသိုလ်မှဘွဲ့ရခဲ့ပါတယ်။
၂၀၁၅ အထိ Prologic Technologies ရဲ့သင်တန်းကျောင်းအုပ်ဖြစ်ပြီး DigitalFusion Co.,Ltd ရဲ့ CEO လည်းဖြစ်ပါတယ်။
FusionLab ရဲ့ Founder ဖြစ်ပြီး FusionLab မှာတော့ Android နဲ့ Java lecturer ပါ။
FusionPOS mobile application ရဲ့ application architect အဖြစ်တာဝန်ယူထားပါတယ်။
Development နဲ့ programming သင်ကြားရေး အတွေ့အကြုံ ၈ နှစ်ရှိပါတယ်။

ဆရာကိုဖြိုး​ကျော်​ က UCSMTLA IT CAMP မှာ ITနဲ့ ပတ်​သက်​တဲ့ ဘယ်လိုအကြောင်းအရာတွေ Knowledge Sharing လုပ်ပေးမလဲဆိုတာကို သိချင်ရင်တော့ UCSMTLA IT CAMP 2018 ကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ် ။


U Nyan Ye Htun

ဆရာဉာဏ်​ရဲထွန်းသည်​ 2013-2016 ခုနှစ်​တွင်​ B.Tech-HND in computing with Software Engineering Specialization ဖြင့်ဘွဲ့ရခဲ့ပါတယ်​။

ThitSar Yar Zar Training & Development / Think Blue Data တွင်​ requirement analysis, System development , Continuous integrating, နှင့် Performance testing ပိုင်းတို့တွင်​ ​တာဝန်​ယူ​ ဆောင်​ရွက်​လျက်​ရှိပါတယ်​ ။

ဆရာသည်​ အမျိုးမျိုး​သော front-end technologies (Bootstrap, AngularJs,React,lonic)တတ်​ကျွမ်းပြီး back-end ​တွေကို Modern programming languages(NoteJS,Ruby,Python, PHP) တို့ဖြင့် developလုပ်​ ​‌‌ရေးသားနိုင်​သူဖြစ််ပါတယ်​။
BigDatabase (Rethinkdb,Mongodb)နှင့် Relational Database ( Mysql , MSSQL)တို့တွင်​ အ​တွေ့ကြုံရှိသူတစ်​ဦးဖြစ်​ပါတယ်​။

ဆရာဉာဏ်​ရဲထွန်း သည်​

Customer Relationship Management CRM mobile application
Data Visualization Site
3D printer project တို့တွင်​ ​တွေ့ကြုံရှိခဲ့သူလည်း ဖြစ်​ပါတယ်​ ။

ဆရာဦးဉာဏ်​ရဲထွန်း က UCSMTLA IT CAMP မှာ ITနဲ့ ပတ်​သက်​တဲ့ ဘယ်လိုအကြောင်းအရာတွေ Knowledge Sharing လုပ်ပေးမလဲဆိုတာကို သိချင်ရင်တော့ UCSMTLA IT CAMP 2018 ကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ် ။


U San Ko Ko

ဆရာစံကိုကိုသည်​ 2005 -2006 တွင် IT နယ်ပယ်သို့
Professional စတင်ဝင်ရောက်ခဲ့သည်။
2007 ခုနှစ်မှ 2011 ခုနှစ် Networking နယ်ပယ်တွင် ကျင်လည်ခဲ့သည်။
2012 ခုနှစ်တွင် MMSTARPIONEER Company တည်ထောင်၍ Android Application များစွာ ထုတ်လုပ်၊ ရေးသား၊ ရောင်းချခဲ့သည်။
2016 ခုနှစ်တွင် San Development Trainning Center တည်ထောင်၍ Android, Ios, Window developing သင်တန်းများ ဖွင့်လှစ်သင်ကြားလျှက်ရှိသည်။
လက်ရှိတွင် San Development Training Center တွင် Lecturer အဖြစ်လည်းကောင်း၊ Royal Helton Co.Ltd တွင် Consultant အဖြစ်လည်းကောင်း လုပ်ကိုင်လျှက်ရှိပါသည်။

ဆရာဦးစံကိုကိုက UCSMTLA IT CAMP မှာ ITနဲ့ ပတ်​သက်​တဲ့ ဘယ်လိုအကြောင်းအရာတွေ Knowledge Sharing လုပ်ပေးမလဲဆိုတာကို သိချင်ရင်တော့ UCSMTLA IT CAMP 2018 ကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ် ။


U Kyaw Htein Lin

ကိုကျော်​ထိန်​လင်းသည်​ ၂၀၀၈ခုနှစ်​မှ Telecom Sudparis, France မှ Master of Sciences ( Communication Network and Services) ရရှိခဲ့ပြီ Asian Institute of Technology, Thailand မှ Master of Engineerig (Information and Communication Technologies) ဘွဲ့ ရရှိခဲ့ပါတယ်​။

ကိုကျော်​ထိန်​လင်း သည်​ ရန်​ကုန်​ နည်းပညာတက္ကသိုလ်​မှ Bachelor of Engineering ဘွဲ့ကို ၂၀၀၃ခုနှစ်​မှာ ရရှိခဲ့ ပြီး လက်​ရှိမှာတော့ Heriot-Watt University, Edinburgh Business School, UK မှာ Master of Business Administration ဘွဲ့အတွက်​ လေ့လာသင်​ယူနေပါတယ်​။

ကိုကျော်​ထိန်​လင်​းသည်​ IT/Telecom နယ်​ပယ်​တွင်​ ပြည်​တွင်​းပ၌ ၁ဝနှစ်​ကျော်​ ကျင်​လည်​ခဲ့ပြီး လက်​ရှိမှာတော့ Huawei Technologies Yangon မှာ Network Solution Manager position ဖြင့် ISPများ Operators များကို Network Solution နှင်​့ Consultancy Service များ ဆောင်​ရွက်​လျက်​ရှိပါတယ်​။

ကိုကျော်ထိန်လင်းက UCSMTLA IT CAMP မှာ ဘယ်လိုအကြောင်းအရာတွေ Sharing လုပ်ပေးမလဲဆိုတာကို သိချင်ရင်တော့ UCSMTLA IT CAMP 2018 ကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ် ။


Daw Aye Aye Thant

ဆရာမ​ဒေါ် ​အေး​အေးသန့် သည်​ 2003 ခုနှစ်​တွင်​ University of Computer Studies ,Mandalay ( UCSM ) မှ B.C.Sc ဘွဲ့ ရရှိခဲ့ပြီး 2004 ခုနှစ်​တွင်​ B.C.Sc ( Hons) ကို University of Computer Studies, Mandalay မှပဲ ရရှိခဲ့ပါတယ်​။

ဆရာမသည်​ Taunggyi University မှလည်​း B.A(Eco) ဘွဲ့ကိုရရှိခဲ့ပါတယ်​။

ဆရာမ၏ Qualifications များမှာ
 CCNA — Java Programing
 MCP — Developing and Implementing Web Applications with Microsoft Visual C#
Edureca — Spring Developer ( Java Application Framework) တို့ပင်​ ဖြစ်​ပါတယ်​ ။

ဆရာမ​ဒေါ်​အေး​အေးသန့် သည်​ 2004 မှ 2009 ခုနှစ်​ အထိ MIT ,Myanmar Information Technology တွင်​ Programming ဘာသာရပ်​များကို သင်​ကြားပို့ချခဲ့ပါတယ်​။
​နောက်​ပိုင်း 2009 ခုနှစ်​မှ ယခု လက်​ရှိအချိန်​ထိ EROS , Excellent Realm of Splendid Information Technology တွင်​ Programming ဘာသာရပ်​များကို သင်​ကြားပို့ချလျက်​ရှိပါသည်​။

ဆရာမ​ဒေါ်​အေးအေးသန့်က UCSMTLA IT CAMP မှာ ITနဲ့ ပတ်​သက်​တဲ့ ဘယ်လိုအကြောင်းအရာတွေ Knowledge Sharing လုပ်ပေးမလဲဆိုတာကို သိချင်ရင်တော့ UCSMTLA IT CAMP 2018 ကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ် ။


U Yan Myo Aung

ဆရာU Yan Myoe Aung ပဲဖြစ်ပါတယ်
CEO ( MMIT Consulting Co., Ltd)
ဦးရန်မျိုးအောင်သည် 2004 ခုနှစ်တွင် Mandalay Technological University မှ B.E(IT) ဘွဲ့ရရှိခဲ့ ပြီး နည်းပညာတကသိုလ် ပုသိမ် IT ဌာန တွင် လက်ထောက်ကထိကရာထူးဖြင့် ၂၀၀၄ မှ ၂၀၀၈ အထိ တာဝန်ထမ်းဆောင်ခဲ့ ပါသည်။
နည်းပညာတကသိုလ် မှော်ဘီ IT ဌာန တွင် လက်ထောက်ကထိကရာထူးဖြင့် ၂၀၀၈ မှ ၂၀၁၁ အထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။
ICTTI နှင့် IMCEITS သင်တန်းများတွင် ASP.Net / Java Software Engineering Diploma များ လေ့လာခဲ့ ပါသည် ။
၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ စင်ကာပူနိုင်ငံတွင် Software Developer / IT Analyst အဖြစ်လုပ်ကိုင်ခဲ့ပါ သည် ။
၂၀၁၄ ခုနှစ်တွင် မြန်မာပြည်သို့ ပြန်ရောက်ပြီး Myanmar IT Consulting ကို စတင်တည်ထောင်လုပ်ကိုင်ခဲ့ပြီး မြန်မာပြည်ရှိ IT ပညာရှင်များကို ပြည်တွင်း IT Company များ ၊ ဂျပန် ၊ စင်ကာပူတို့မှ မြန်မာပြည်တွင် လာရောက်ဖွင့်လှစ်သော IT Company များ နှင့် ချိတ်ဆက်ပေးသည့် ဝန်ဆောင်မှုကို လုပ်ကိုင်နေပါသည် ။
Myanmar IT Consulting IT Training and Software Development ဌာနကိုလညး် ထပ်မံချဲ့ထွင်ထားပြီး ပြည်တွင်းရှိ IT Company များတွင် အလုပ်ဝင်နိုင်ရန် ကျွမ်းကျင် ပညာရှင်များ မွေးထုတ်ပေးလျှက်ရှိပါသည် ။ ပြည်တွင်း ရှိ စီးပွားရေးလုပ်ငန်းများအတွက်လည်း လုပ်ငန်းသုံးဆော့ဝဲများ ရေးသားပေးလျှက်ရှိပါသည် ။ ကွန်ပြူတာတက္ကသိုလ်များ နည်းပညာတက္ကသိုလ်များ နှင့်လည်း နှစ်စဉ် Internship အစီအစဉ်များတွင် တဖက်တလမ်းမှ ပါဝင်ကူညီပေးလျှက်ရှိပါသည် ။
၂၀၁၇ ခုနှစ်မှ စတင်ပြီး CU Meikhtila မှ ကျောင်းသား ၂၀ ခန့်ကိုလညး် နှစ်စဉ် Internship ခေါ်ယူခဲ့ပါသည် ။

ဆရာဦးရန်မျိုးအောင်ကUCSMTLA IT CAMP မှာ ဘယ်လိုအကြောင်းအရာတွေ Sharing လုပ်ပေးမလဲဆိုတာကို သိချင်ရင်တော့ UCSMTLA IT CAMP 2018 ကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ် ။


Daw Kyi Cin Shwe

ဆရာမ​ဒေါ်ကြည်​စင်​​ရွှေ သည်​ 2014 ခုနှစ်​တွင်​ Meiktila Institute of Economic မှ Master of Business Administration ဘွဲ့ကိုရရှိခဲ့ပါတယ်​။

2009 ခုနှစ်​တွင်​ Asian Institute of Technology, Thailand မှ Master of Science (Computer Science) ဘွဲ့ကို ရရှိခဲ့ပါသည်​။

2005 ခုနှစ်​တွင်​ University of Computer Studies ,Mandalay မှ Bachelor of Computer Technology ဘွဲ့ကိုရရှိခဲ့ပြီး
2007 ခုနှစ်​တွင်​ Bachelor of Computer Technology (Hons) ဘွဲ့ကို ရရှိခဲ့တယ်​။

ဆရာမသည်​ 2006 ခုနှစ်​ April တွင်​ NCC Education မှ Computer Stidies တွင်​ International Advanced Diploma ဘွဲ့ကို ရရှိခဲ့ပါတယ်​။

2003 ခုနှစ်​ April တွင်​ Thames Management Center မှ Business Administration Diploma ဘွဲ့ကိုရရှိခဲ့ပါတယ်​ ။

ဆရာမ​ဒေါ်ကြည်​စင်​​ရွှေသည်​ Amazing Oasis Travels and Tours တွင်​ Managing Director တစ်​ဦးဖြစ်​ပြီး (City park – water park) Business Development Manager လည်းဖြစ်​ပါသည်​။ ဆရာမသည်​ MCPA ,Mandalay ၏ ပညာရေးကော်မတီ အတွင်းရေးမှူး တစ်​ဦးလည်းဖြစ်​ပါသည်​။

ဆရာမ​ဒေါ်ကြည်​​စင်​​ရွှေက UCSMTLA IT CAMP မှာ စီးပွား​ရေးအ​ကြောင်းနှင့် IT နှင့် ပတ်​သက်​တဲ့ ဘယ်လိုအကြောင်းအရာတွေ Knowledge Sharing လုပ်ပေးမလဲဆိုတာကို သိချင်ရင်တော့ UCSMTLA IT CAMP 2018 ကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ် ။


U Htet Wai Yan Soe

ကိုထက်ဝေယံစိုးက Cyber Wings Co,.Ltd ရဲ့ CTO ဖြစ်ပြီး Business တွေအတွက် Web Development ကို Solution Provider အနေနဲ့ ဆောင်ရွက်နေတဲ့ Team ကို ဦးဆောင်သူ ဖြစ်ပါတယ်။ Cyber Wings Co,.Ltd. ရဲ့ Web Development Training တွေမှာ JS & PHP Language များကို Instructor အနေနဲ့ သင်ကြားပို့ချပေးနေသူဖြစ်ပါတယ်။ UCSY မှ Exam Result များကို Website မှ တဆင့် ကြည့်ရှုနိုင်အောင် UCSY မှ ကျောင်းသား ကျောင်းသူများ အကူအညီနဲ့ စတင် ရေးသားခဲ့သူလည်း ဖြစ်ပါတယ်။

ကိုထက်ဝေယံစိုးကUCSMTLA IT CAMP မှာ ဘယ်လိုအကြောင်းအရာတွေ Sharing လုပ်ပေးမလဲဆိုတာကို သိချင်ရင်တော့ UCSMTLA IT CAMP 2018 ကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ် ။


U Ther Ther Zan

ဆရာ သာသာဇံ သည် Diploma in Tourism Studies and Management ဘွဲ့ ကို မန္တလေး တက္ကသိုလ် မှ ၂၀၁၃ ခုနှစ်တွင် ရရှိခဲ့ပါသည်။
ကွန်ပျူတာနည်းပညာ ဂုဏ်ထူး ဘွဲ့ B.C.Tech (Hons) ကို မန္တလေးကွန်ပျူတာတက္ကသိုလ်မှ ၂၀၀၄ ခုနှစ်တွင် ရရှိခဲ့ပြီး ကွန်ပျူတာနည်းပညာ မဟာတန်းကို ဆက်လက် သင်ယူခဲ့ပါသည်။
စီးပွားစီမံခန့်ခွဲမှုဘွဲ့ B.A (Business Management) ကို ၂၀၀၃ ခုနှစ်တွင် မန္တလေး တက္ကသိုလ်မှ ရရှိခဲ့ပါသည်။
Forever Group Computer Training Centre တွင် Training Manager အဖြစ် လည်းကောင်း၊ Informatics and Thames Management Centre တွင် Lecturer အဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပြီး၊ Asian Institute of Technology (Bangkok, Thailand) တွင် လည်း Research Associate အဖြစ် လေးနှစ်တာ တာဝန်ထမ်းဆောင် ခဲ့ပါသည်။ သစ္စာရာဇာ အထူးကုဆေးခန်း နှင့် သစ္စာရာဇာ Training and Development Center တို့တွင် General Manager အဖြစ် လုပ်ကိုင်လျက်ရှိပြီး၊ High Tech Training Centre ကို ထူထောင်ကာ ကွန်ပျူတာ သိပ္ပံနှင့် နည်းပညာ သင်တန်းများ၊ စီးပွားရေး စီမံခန့်ခွဲမှု သင်တန်းများစွာကို သင်ကြားပို့ချပေးလျက် ရှိပါသည်။

ဆရာသာသာဇံက UCSMTLA IT CAMP မှာ ဘယ်လိုအကြောင်းအရာတွေ Sharing လုပ်ပေးမလဲဆိုတာကို သိချင်ရင်တော့ UCSMTLA IT CAMP 2018 ကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ် ။


U Moe Thant Htet

ကိုမိုးသန့်ထက်သည် ၂၀၀၁ ခုနှစ်တွင် ဆယ်တန်းအောင်မြင်ခဲ့သည်။
၂၀၀၆ မှာ B.C.Sc ဘွဲ့ရရှိခဲ့သည်။
ကျောင်းပြီးသည့် အချိန် ၂၀၀၆ ခုနှစ်မှာဘဲ Software Company တစ်ခုတွင် Service Technician အဖြစ်အလုပ်စဝင်ခဲ့၂၀၁၁ ခုနှစ်မှာ အလုပ်ကနေထွက်ပြီး ကိုယ်ပိုင် (MTCS Hardware & Software Solution) ကို စတင်တည်ထောင်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာတော့ MTCS Co.,Ltd. ဆိုတဲ့ နာမည်နဲ့ Company တစ်ခု တည်ထောင်ခဲ့ပြီး Managing Director ရာထူးနဲ့ ယနေ့ အချိန်ထိ ဆက်လက် လုပ်ကိုင်လျက် ရှိပါသည်။ Financial Market မှာ Investor တစ်ယောက် ဖြစ်သည့်အပြင် Trainer & Coach တစ်ယောက် အဖြစ်လဲ သင်တန်းများ ပို့ချလျက်ရှိပါသည်။

ကိုမိုးသန့်ထက် က UCSMTLA IT CAMP မှာ ဘယ်လိုအကြောင်းအရာတွေ Sharing လုပ်ပေးမလဲဆိုတာကို သိချင်ရင်တော့ UCSMTLA IT CAMP 2018 ကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ် ။

ပွဲနေ့ကြရင် register လုပ်ပြီး Lucky draw ကို ကံစမ်းနိုင်တာမို့ 25.8.2018 ရက်နေ့မှာ ကျင်းပမယ့် UCSMTLA IT CAMP 2018 ကို အရောက်လာခဲ့ဖို့ ဖိတ်ခေါ်အပ်ပါတယ်နော်။

About Us

UCS-Mtla has been producing the graduates in computer sciences and technology majors called CS and CT. It is a place with no-limits for opportunities regarding information technological knowledge and professions for the students as well as a place for teaching, research, service and innovation with latest technology and IT-based applications to improve lives of people of Meiktila, Myanmar.