၂၀၁၈-၂၀၁၉ ပညာသင်နှစ် ဒီဇင်ဘာ အားကစားပွဲများ
၂၀၁၈-၂၀၁၉ပညာသင်နှစ် ဒီဇင်ဘာ အားကစားပြိုင်ပွဲများကို ကွန်ပျူတာတက္ကသိုလ်(မိတ္ထီလာ)တွင် ၁၈. ၁၂. ၂၀၁၈ မှ ၁၉. ၁၂. ၂၀၁၈ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ပြိုင်ပွဲတွင် ပိုက်ကျော်ခြင်း၊ ထုတ်ဆီးထိုးပြိုင်ပွဲများ၊ တစ်ဦးချင်းမုန့်စားပြိုင်ပွဲ၊ အားလူးကောက်ပြိုင်ပွဲ၊ အပြေးပြိုင်ပွဲများ၊ သံပရာသီးဇွန်းကိုက်ပြိုင်ပွဲများ စသည်တို့ ပါဝင်ကျင်းပခဲ့ပါသည်။